ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

စလင်းမြို့နယ်အတွင်းရှိ စျေးဆိုင်များနှင့် ဆင်ဖြူကျွန်းမြို့ပေါ် စျေးဆိုင်များအား အမည်တူ တရားမဝင်ထုတ်ကုန်များ ရောင်းချခြင်းရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်နှင့်ဆင်ဖြူးကျွန့်မြို့ပေါ်ရှိ စျေးဆိုင် များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ညွှန်ကြားမှုဖြင့် ယမန်နေ့က စျေးကွက်တွင် ထိုင်းနိုင်ငံထုတ် GANO . Coffee အမှတ်တံဆိပ်ပါကော်ဖီ၊ (3 in 1) သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို ရောင်းချခြင်းရှိ/မရှိ  စစ်ဆေးခဲ့ကြသည်။

ဘီးလင်းမြို့နယ်၌ တိရစ္ဆာန်အစာနေဗီယာမြက်စိုက်ပျိုးခြင်းကွင်း သရုပ်ပြသ

သထုံခရိုင်၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အစားအစာနေဗီယာ မြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်၁၀နာရီက ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာရှိ တောင်သူ ဦးထွန်းဟန်၏ မြေတစ်ဧက၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် သစ်ပင်စိုက် ပျိုးပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုနေ့ အထိမ်းအမှတ်ဖြင့်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျောက်တစ်လုံးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ စိုက်ပျိုးခဲ့ ကြောင်း သိရသည်။

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းငါးသောင်းရှစ်ထောင် လှူဒါန်းခဲ့ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာနှင့် ကံကျဲကျေးရွာသို့ ယနေ့နံနက် ၉ နာရီ အချိန်က သောက်သုံရေဂါလန် (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင် များထံက သိရသည်။

ထီးချိုင့်မြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း သခင်မြမောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပွင့်ဖြူမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကစပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေလှပစေရန် ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ

 "ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့" ဆို  သည့်ဆောင်ပုဒ်အတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ယနေ့ နံနက်ပိုင်းတွင် သတ်မှတ်ထားသော အခြေပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရော်ဘာပျိုးပင်နှင့် ဥယျာဉ်ခြံသီးနှံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၁ - ၂ဝ၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရော်ဘာပင်အိုခုတ်လှဲ ခွင့်ရ တောင်သူများအား အထွက်ကောင်း ရော်ဘာပင်ပျိုများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် ရော်ဘာပျိုးပင်နှင့် ဒေသခံဥယျာဉ်ခြံရှင်များအတွက် ဥယျာဉ်ခြံသီးနှံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ