ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ချောမွေ့ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲနှင့် အသက်(၄၀)နှစ်အထက် ကလပ်ပေါင်စုံ ဘောလုံးပြိုင်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

ကချင်ပြည်နယ် ကန်ပိုက်တီဂိတ်မှ တစ်ဆင့် မြန်မာ - တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုချောမွေ့ လျင်မြန် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြန်မာ-တရုတ်ကုန်စည်ပြန်လည် စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်တော်မြို့ရှိ အခြေခံပညာကျောင်း များရှိကျောင်းသား/ ကျောင်းသူများအား ပန်းခင်းစီ မံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်က အထက်တန်းကျောင်းသဇင်ခန်းမအတွင်း၌ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

မော်လိုက်မြို့နယ် ထင်းရှူးချောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုတို့အား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထင်းရှူးချောင်ကျေးရွာ၌ ဆောင်ရွက်နေသည့် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုတို့အား ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

"တူယှဉ်နွဲပျော် ဂီတပွဲတော်" တေးသီးချင်း သီဆိုမှုပြိုင်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် သူများ၏ ပြိုင်ပွဲဝင်သီချင်းများ အစမ်းလေ့ကျင့်သီဆိုမှု အခမ်းအနား ကျင်းပ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက် နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် "တူယှဉ်နွဲပျော် ဂီတပွဲတော်" တေးသီးချင်း သီဆိုမှုပြိုင်ပွဲ (Level. 2) အဆင့်ပြိုင်ပွဲနှင့် (Level. 1)အဆင့်အုပ်စု (E) ပြိုင်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်မည့် ဒေါ်ချိုမီမီဇော်နှင့် ဒေါ်ဇင်သူသူထွန်းတို့၏ ပြိုင်ပွဲဝင်သီချင်းများ အစမ်းလေ့ကျင့် သီဆို မှုအခမ်းအနားကို ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ နေ့လည်(၁)နာရီတွင် ကျင်းပခဲ့သည်။

ညောင်‌လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး စ‌ကော ကရင်ဘာသာဖြင့် အသိပညာ‌ပေး နှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် လသာကုန်း ‌ကျေးရွာနှင့် ဝါးရုံကုန်း‌ကျေးရွာတို့တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး အနေဖြင့် ယ‌နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော ရွာအဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ ဝါးရုံကုန်းကျောင်းမှ အလယ်တန်းပြဆရာမ နော်အေးအေး၀င်းက စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ဒိုက်ဦးမြို့နယ် ကြက်ခြေနီအသင်းမှ MaskCampaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ကြက်ခြေနီအသင်းမှ MaskCampaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ လူစည်ကားရာနေရာဖြစ်သော ဒိုက်ဦးမြို့မစျေးကြီးရှေ့၌ စျေးရောင်းချ သူများ၊ စျေးဝယ်စျေးပြန်သူများအား နှာခေါင်းစည်း Mask အခု(၅၀၀)အား ပြည်သူများကို အခမဲ့ဝေငှ​ပေးခဲ့သည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ရခိုင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကိစ္စနှင့်ပတ်သက်ပြီး ကလေးငယ်(၇)ဦးအား မိဘများထံ ပြန်လည်အပ်နှံခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်(၈၇)ရပ်ကွက်၊ တွင်ဖြစ်ပွားခဲ့သော ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကိစ္စနှင့် ပတ်သက်သည့် ကလေးငယ် (၇)ဦး အား မိဘများထံပြန်လည်အပ်နှံခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်တက်ရောက်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄နာရီ မိနစ် ၂၀ အချိန်တွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။

မိုင်းရယ်၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်း စာကြည့်တိုက် ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြု သောအားဖြင့် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာအလယ်တန်း ကျောင်း တွင် ပြုလုပ်သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ