ဘုရားသုံးဆူမြို့ရုံး Community center ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များ ဖြင့် စာဖတ်ဝိုင်းပြုလုပ်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community center ခန်းမတွင် စာအုပ်စာ စောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ဦးဆောင်၍ စာဖတ်ပရိတ်သတ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ရန်နှင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။