ပေါင်းတည်မြို့နယ် သပြေကုန်းကျေးရွာ ရှေ့ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် အသိပညာ ပေးလုပ်ငန်းများ နေ့စဉ်အရှိန်ဟုန်မြှင့် ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဥသျှစ်သဖန်းအင်ဆိပ်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာရှေ့ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများမှအဖွဲ့အလိုက် နေ့စဉ်တာဝန်ချထား၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။