ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

နတ်မောက်မြို့နယ်၊ ဘူးပင်တဲကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ (Steel Structure) တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပညာရေးကဏ္ဍအဆင့်မြင့်မားရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘူးပင်တဲကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်သိန်း(၄၉၉) ဖြင့် (Steel Structure ) တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးကြောင်း သိရှိရသည်။   

မောက်မယ်၌ နေကြာနှင့်ပဲတီစိမ်းသီးနှံသီးညှပ်စိုက်ခင်း မျိုးသန့်ပွားမျိုးစေ့ထုတ် စံပြစိုက်ကွက်လုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြေအကျယ် ၅ ဧကရှိသောခြံ၌ ဘက်စုံ အဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးမည့် မျိုးသန့်ပွား၊ မျိုးစေ့ထုတ်နေကြာနှင့် ပဲတီစိမ်းသီးနှံ(ရေဆင်း−၁၁) သီးညှပ်စံပြစိုက်ကွက် စိုက်ပျိုးခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က ဦးဆောင်၍ ဝန်ထမ်းများမှ ယမန်နေ့ နေ့လယ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့ တာလုံရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ တာလုံရပ်ကွက်တွင် အသက် (၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၄) နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့ မဟာဝေဇယန္တာဓမ္မဗိမာန်တော်တွင် အထူးရဲသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် အထူးရဲ သင်တန်း ဖွင့်ပွဲ အခမ်းအနားအား ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်၊ ရွှေစည်းခုံစေတော် ဘုရားဝင်းအတွင်းရှိ မဟာဝေဇယန္တာ ဓမ္မဗိမာန်တော်တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် အထူးရဲသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကြီးကြပ်စောင့်ကြည့်သူများ နေ့တွက်စရိတ်ပေးအပ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ပင်လောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများ၌ ၁၄ ရက်ကြာ ထပ်မံကပ်ထားကြေညာမည်ဖြစ်ရာ ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်း ကြီးကြပ်စောင့်ကြည့်သူများအတွက် နေ့တွက်စရိတ်များကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံ ပေးအပ်သည်။

ရွှေဘိုခရိုင် ရေဦးမြို့နယ်အတွင်းရှိ ငွေပေး အလုပ်ပေးစနစ်(Cash For Work) စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ရေဦး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဒက္ခိဏခရိုင်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် Cash for Work စီမံကိန်းကို ကျေးရွာ(၇၅)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Covid-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေး ဝမ်းကျောင်းနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများ အရင်းအနှီးထောက်ပံ့ငွေများရရှိကာ တိုးချဲ့ လုပ်ကိုင် နိုင်ရေးအတွက်ရည်ရွယ်ပြီး မတည်ရန်ပုံငွေစီမံကိန်းအစီအစဉ်ဖြင့် ပျဉ်းမနားမြို့နယ်တွင် ကျေးရွာ (၉)ရွာနှင့် လယ်ဝေးမြို့နယ်တွင် ကျေးရွာ(၁၈)ရွာ စုစုပေါင်းကျေးရွာပေါင်း(၂၇)ရွာကို မတည်ရန်ပုံငွေ ကျပ်သန်း (၆၉၀)နှင့် လယ်ဝေးမြို့နယ်တွင် Cash for Work စီမံကိန်း(၄၈)ရွာအတွက် ကျပ်သန်း (၄၈၀) စီမံကိန်း အမျိုး အစား(၂)ခုအတွက် ကျေးရွာပေါင်း(၇၅)ရွာအတွက် ကျပ်သန်း(၁၁၇၀)ဖြင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ ပြည်သူ့ အားကစားကွင်းတွင် အထူးတန်းပွဲကြည့်စင် တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာန ၊ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီး ဌာန၏ ခွင့်ပြု ရန်ပုံငွေဖြင့် အထူးတန်းပွဲကြည့်စင် တစ်ခုတည်ဆောက်လျက်ရှိရာ (၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်ထုမြို့တွင် အသွားအလာ ကန့်သတ်ထားရှိသူများအား အစားအသောက်နှင့် အာဟာရများ  လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ ဓမ္မဗိမ္မာန်ရိပ်သာတွင် အသွားအလာ ကန့်သတ်နယ်မြေအဖြစ်ထားရှိသည့် နေရပ်ပြန်များအား ပန်းဆန် ကျေးရွာ ရွာဦး ကျောင်းဆရာတော် ဦးဝိစာရ၏ အစီအစဉ်ဖြင့် အစားအသောက်နှင့် အာဟာရများ ကို ယမန်နေ့က ၁၁ ရက်မြောက်နေ့အဖြစ် ပို့ဆောင် လှူဒါန်းကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများ လာရောက် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)အတွင်းရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်တွင် ပြည်သူများအတွက် ယခုလို Stay at home အမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မူများ အပြည့်အဝ ပေးဆောင်နေချိန်တွင် ဝန်ထမ်းမိသားစုများ၏ စားဝတ်နေရေးအား အထောက်အပံ့ဖြစ်စေရန် ပြည်သူ့ ကျန်းမာရေးဝန်ထမ်း(၁၁၀)ဦးအတွက် ဆေးရုံအုပ်ကြီး ဒေါက်တာခင်ရူပါစိုး၏ လမ်းညွှန်ကူညီမှုဖြင့် အလှူရှင် မမေမျိုးသူ မိသားစုမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူးနှင့်ကြက်ဥများကို ယမန်နေ့က လာရောက်လှူဒါန်းရာ တာဝန်ခံ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ရူပါစိုးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ