ဒက္ခိဏသီရိမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
နေပြည်တော် ဇန်နဝါရီ ၁၂
ဒီမိုကရေစီ အင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်းအရာကိစ္စများကို ပွင့်လင်းမြင်သာစွာ ဆွေနွေးတိုင်ပင်နိုင်ရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများကို အများပြည်သူအကြားတွင် ဆွေးနွေးသည့် အလေ့အထများရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေရန်နှင့် အများနှင့်ပါဝင်ဆွေးနွေးတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ကျင်းပသည်။