မြို့သစ်မြို့နယ်တွင် အပေါ့စားမီးသတ်စက်နှင့် ရေပက်ပိုက်လိပ်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုမဖြစ်ပွားစေရေးနှင့်ပြည်သူများ၏ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူထားရှိပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ထုတ်ပေးသော အပေါ့စားမီးသတ်စက်(၂)လုံးနှင့် ရေပက်ပိုက်လိပ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ နွားလှကျေးရွာအုပ်စု၊ နွားလှကျေးရွာ၊ ရွာဦးဘုန်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။