မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့၌ တစ်နိုင်တစ်ပိုင်မြေပဲဆီနှင့် နှမ်းဆီကြိတ်ခွဲခြင်းဖြင့် မိသားစုလုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊မြေပဲနှင့်နေကြာများကို ဒေသခံတောင်သူများအနေဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသည့်အလျှောက် အဆိုပါဆီထွက်သီးနှံများကို ကြိတ်ခွဲပေးလျက်ရှိရာ တစ်နိုင်တစ်ပိုင်ဆီကြိတ်လုပ်ငန်းများဝင်ငွေကောင်း၍ မိသားစုလုပ်ငန်းအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့ မထီ(စံပြ)ကျေးရွာ၌ ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ‌“‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို ဇွန်လ ၁၃ ရက် ​နေ့လယ်ပိုင်းက မထီ(စံပြ)ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

စေတုတ္တရာမြို့နယ် ကြက်ခြေနီရုံး(ယာယီ) ဖွင့်ပွဲအခမ်းအနား ကျင်းပ

​မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရှေးဦးသူနာပြုစုခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကြက်ခြေနီရုံး(ယာယီ) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ် သုံးစွဲမှု လျော့ချရေး အသိပညာပေး လုပ်ငန်းများကို မြို့သစ်မြို့ မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ(အ.လ.က)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယမန်နေ့က ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၉)ကျောင်းမှ ဆရာတော်ကြီးများအား ဖူးမြော်၍ ဩဝါဒခံယူ၊ သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲ(ဗဟို) အဆင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်  

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပသော နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီး အမှူးပြုသော မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၉)ကျောင်းမှ ဆရာတော်ကြီးများအားဖူးမြော်၍ ဩဝါဒခံယူခြင်းနှင့် သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲ(ဗဟို)အဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ဇွန် ၁၃ ရက် မွန်းလွဲပိုင်းက အောင်မြေရတနာပရိယတ္တိစာသင်တိုက် မဟာအတုလရံသီ ဗိမာန်တော်ကြီး၌ ကျင်းပသည်။

မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လမ်း/တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဇွန် ၁၂ ရက်က မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမိုးထိုက်သည် လွန်မြတ်ကန်ကျေးရွာအုပ်စု ကန်သစ်ကျေးရွာလုပ်ငန်းခွင်သို့ တာဝန်ရှိသူများနှင့် သွားရောက်ကွင်းဆင်းစစ်ဆေးသည်။

ငဖဲမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း Public Talk ကို ယနေ့နေ့လယ် ၁ နာရီက ပေါင်းကလေးကျေးရွာဓမ္မာရုံတွင် ကျင်းပသည်။

နတ်မောက်မြို့နယ်၌ ဆီထွက်သီးနှံမိုးမြေပဲ (၅၇၃၁၆) လျာထားစိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌  မိုးဦးကာလ မိုးရွာသွန်းလာသဖြင့် ဆီထွက်သီးနှံမိုးမြေပဲ (၅၇၃၁၆) လျားထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး