ပခုက္ကူမြို့ ကျက်သရေဆောင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှုပူဇော်နိုင်ရေး ရွှေဆိုင်းဝယ်ယူခြင်း အခမ်းအနားကျင်းပ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရား စေတီတော်ကြီး လုံးတော်ပြည့် ရွေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် ရွှေဆိုင်းဝယ်ယူခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဘုရားကြီးရှိ အာရုံခံတန်ဆောင်းတော်အတွင်း၌ ကျင်းပပြုလုပ်သည်။