ရေနံချောင်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေး အသိပညာပေး
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။