ငဖဲမြို့နယ်တွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။