မင်းတုန်းမြို့နယ်တွင် ဒုတိယအကြိမ်ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် ပြည့်စုံမှန်ကန်စေရေးအတွက် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းမှ ကြီးကြပ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။