မကွေးတိုင်းဒေသကြီး

တောင်တွင်းကြီးမြို့နယ်၊ အမှတ် (၁၈၁) အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ်/စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ဇီးတန်းကျေးရွာ၊ အမှတ် (၁၈၁) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီ(ဥ)သေးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောင်းကြက်သွန်နီ(ဥ)သေးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကွက်၌ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပြိုဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် မာန်မြေကျေးရွာအုပ်စု မာန်မြေအနောက်စုကျေးရွာမှ ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ကြသည့် အိမ်ထောင်စုဝင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေများပေးအပ်သည်။

ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ အထိ အရောင်းအဝယ်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ အထိ ဈေးနှုန်းရရှိပြီး အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ပြည်သူမျာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပခုက္ကူမြို့၌ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အင်္ဂလိပ်စာ ဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ ချည်မျှင်ရှည်ဝါ ၃၄၁၀ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၅၃၃ ပိဿာ ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါသီးနှံ ၃၄၁၀ ဧကထိ ဆွတ်ခူးသိမ်းဆည်းပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၅၃၃ ပိဿာထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေ (၁၅)သိန်းကျပ် လှုဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေ(၁၅)သိန်းကျပ် လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး