မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ နတ်မောက်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့လယ် (၂)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော ရပ်ကွက်များအား ရေလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ စက်တင်ဘာ ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြို့အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ချောင်းများမှ ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့မှုများကြောင့် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လျက်ရှိရာ အဆိုပါ ရပ်ကွက်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က သောက်သုံးရေဂါလံ ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဈေးရောင်းဈေးဝယ်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် ဈေးရောင်းဈေးဝယ်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်သည်။

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို အာဟာရကျွေးမွေးလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့က ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်မှ ဆရာတော် ဦးတိလောကနှင့် အလှူရှင်များက စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းကစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့စက်တင်ဘာလ ၂၉ ရက်နေ့နံနက် ၁၀နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ  ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျဆင်းမှု မရှိ၍ တမံကြံ့ခိုင်မှုအတွက် စိုးရိမ်ဖွယ်မရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ၊ ပင်းကန်နှင့် ကျောက်တံခါး လက်ဝဲမြောင်းတို့မှ စိုက်ပျိုးရေးတောင်သူများအတွက် စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ယမန်နေ့ နံနက်(၆)နာရီတွင် နတ်မောက်ရေလှောင်တမံ၏ ရေအမှတ် (၆၇၇.၂)ပေ ဖြစ်ပြီး ရေလှောင်ပမာဏမှာ (၈၀၀၇၁)ဧကပေနှင့် ကန်ရေပြည့်အမှတ်သို့ရောက်ရှိရန် (၅.၈)ပေဖြစ်ရာ၊ ပင်းကန် ရေလှောင်တမံရေအမှတ်(၉၂.၈)ပေဖြစ်ပြီး ၊ ရေလှောင်ပမာဏမှာ (၇၂၀)ဧကပေနှင့် ကန်ရေပြည့်အမှတ်သို့ရောက်ရှိရန် (၀.၇၅) ပေ ဖြစ်သည်။

မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားတော်ပဲ ၃၁၉၂ ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲ ၃၁၉၂ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး