မင်းဘူးခရိုင်အတွင်း၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့် စုဖွဲ့ထားရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်စေရန် ခရိုင်နှင့် မြို့နယ်များရှိ မီးသတ်ဦးစီးဌာနရုံးများတွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့် စုဖွဲ့ထားရှိကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။