မကွေးတိုင်းဒေသကြီး

အောင်လံမြို့၌ ကျောင်းသား၊ကျောင်းသူများအား ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က အောင်လံမြို့၊ ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကံမမြို့နယ် ဖရုံလှကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက ဖရုံလှကျေးရွာအုပ်စုမှ တောင်သူ(၆၅)ဦးတို့၏ မိုးစပါးစိုက်ဧက (၁၄၂)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၄၂၆) သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးအဆင့်မြင့်ကျောင်း(HPS)ဆင့်ပွားသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်း (HPS) ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က) ကျောင်းတွင်ပြုလုပ်သည်။

ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးအဆင့်မြင့်ကျောင်း(HPS)ဆင့်ပွားသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်း (HPS) ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က) ကျောင်းတွင်ပြုလုပ်သည်။

ချောက်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ချေးပေးလျက် ရှိသည်။

နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ် အထက်သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရအစားအစာများ ပေးအပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်( ၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရအစားအစာများပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအစီအစဉ်ဖြင့်(SMU) ချေးငွေများထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ ဝင်ငွေတိုးပွားရေးလုပ်ငန်းမှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းအစီအစဉ်ဖြင့် (SMU)ချေးငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျေးရွာတွင်ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် တောင်တွင်းကြီးမြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှ Quick Win အစီအမံ (၅)ရပ်အား ယာဥ်မောင်းသူများ သိရှိလိုက်နာရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်စီ၏ လမ်းညွှန်မှုဖြင့် တောင်တွင်းကြီးမြိုနယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ဒုအရာခံဗိုလ် စိုးပိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် Quick Win အစီအမံ (၅)ရပ်အား ယာဥ်မောင်းသူများ သိရှိလိုက်နာရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့ဝင်/ထွက် ဂိတ်များ၊ မြို့နယ်လမ်းစုံနှင့် တောင်တွင်း-ပြည်လမ်း၊ တောင်တွင်း-မကွေးလမ်း၊ တောင်တွင်း- နတ်မောက်လမ်းများတွင်လည်း နေ့စဥ် ကွင်းဆင်းဆောင်ရွက်ခဲ့လျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စည်ပင်သာယာစျေးနှင့် ဒက္ခိဏစျေးအတွင်းရောင်းချလျက်ရှိသည့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရပ်ကွက်အတွင်းအလှည့်ကျစနစ်ဖြင့် သန့်ရှင်းရေးဆောင်ရွက်ပေး

ထိုသို့မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားရှိသည့် စည်ပင်သာယာစျေးပတ်ဝန်းကျင်လမ်းဘေး(ဝဲ/ယာ)ရှိ အုတ်ရေနုတ်မြောင်းများရှိ သဲနုန်းနှင့်ရွှံ့နွံများ၊ သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များ၊ တောင်တွင်းကြီးမြို့သစ်၊ နတ်မောက်ကားလမ်းဘေးဝဲ/ယာရေစီးရေလာကောင်းမွန်စေရေးအတွက် သဲနုန်းနှင့်ရွှံနွံများဆယ်ယူရှင်းလင်းခြင်း၊ သလင်းခြင်း၊ သစ်ရွက်ခြောက်များနှင့်အမှိုက်များရှင်းလင်းခြင်းများကို ရေစီးရေလာကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးဆိုးကျိုးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျစုပေါင်းဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး