ပွင့်ဖြူမြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများကို ကာယ၊ ဉာဏ ဖွံ့ဖြိုးစေရေး အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကလေးငယ်များ ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရများ စားသုံးနိုင်စေရန်၊ ကိုယ်ကာယကျန်းမာစွာ ပြုမူနေထိုင်တတ်စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အာဟာဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများကို အာဟာရရှိသော အစားအစာများ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ပွင့်ဖြူမြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။