ပွင့်ဖြူမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းက လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။