မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့၌ မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူတက္ကသိုလ်၌ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မကွေးမြို့ အ.ထ.က(ခွဲ) ကန်သာကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်း လူရည်ချွန်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀)နာရီခွဲက အထက(ခွဲ) ကန်သာကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဇန်နဝါရီလ ၁၇ ရက်နံနက် ၈ နာရီခွဲအချိန်က လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။

ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ကောင်းဖန်တီးပေးနိုင်ရန် ရည်ရွယ်ကျင်းပသည့် မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ယနေ့နံနက်ပိုင်းက ချွန်းစုကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ချွန်းစုကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့နယ် ပန်းမတကျေးရွာ၌ အဆင့်မြင့်ထွန် (Power Harrow) ဖြင့် ထွန်ယက်ခြင်း တောင်သူပညာပေးသရုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ပန်းမတကျေးရွာ၌ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အဆင့်မြင့်ထွန် (Power Harrow)ဖြင့် ထွန်ယက်ခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက တောင်သူ ဦးကျော်ဦး၊ ဦးပိုင်အမှတ်(၈၄)၊ ကွင်းအမှတ် (၇၆/က)၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား အကြိုလေ့ကျင့်ပွဲသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရေနံချောင်း တက္ကသိုလ်တွင် ကျင်းပလျက်ရှိသည့် တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား အကြိုလေ့ကျင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး