မကွေးတိုင်းဒေသကြီး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ် ဒီဇယ်ဆီများ ပွင့်ဖြူမြို့နယ်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ပွင့်ဖြူမြို့နယ် အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသော ဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် သက်ကြီး အဘိုး၊ အဘွားများအား အခမဲ့မျက်စိစမ်းသပ်ကုသ‌ပေးခြင်းနှင့် သွားတုအံကပ်တပ်ဆင်ပေးနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအတွင်းရှိ သက်ကြီးဘိုးဘွားများ၏ လူမှုစီးပွားဘဝနှင့်ကျန်းမာရေး ကဏ္ဍမြှင့်တင်နိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် အခမဲ့မျက်စိစမ်းသပ်ကုသပေးခြင်းနှင့် သွားတုအံကပ်များ အခမဲ့တပ်ဆင်ပေးနေမှုကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးတင်ကိုကို၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ သက်ကြီး အဘိုး၊ အဘွားများအား အခမဲ့ မျက်စိကုသပေးခြင်းနှင့် သွားတုအံကပ်တပ်ဆင်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်အန္တရာယ်လျော့ကျရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်အန္တရာယ်လျော့ကျရေး လူစည်ကားသည့် နေရာများအား ရေသယ်ယာဉ်များဖြင့် ရေဖျန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ဧပြီလ (၁၈) ရက်နေ့ နေ့လယ် ၂ နာရီက မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များက မြို့ပေါ်ရပ်ကွက်များ၊ လမ်းများနှင့် မြို့အဝင်နေရာများအား မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးသည်။

နတ်မောက်မြို့၌ နှစ်ဦးပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီး ဘိုး၊ ဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

မကွေးတိုငိးဒေသကြီး၊ နတ်မောက်မြို့၌ နှစ်ဦးပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီး ဘိုး၊ ဘွား များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ငဖဲမြို့နယ်၌ နွေနှမ်း ၁၄၄၇ ဧက စိုက်ပျိုးပြီးစီးပြီး နှမ်းခင်းများအောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ရေလှောင်တမံဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ၁၁၉၃ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၁၄၄၇ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အောင်လံမြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးချုပ် ဦးတင်ကိုကို ကွင်းဆင်းအားပေးကာ ဥစားကြက်မွေးမြူသူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ဘွက်ကြီးကျေးရွာအုပ်စုအတွင်းရှိ “ရွှေတင့် ဝမ်း ဥစားကြက်မွေးမြူရေးဇုန်” သို့ ရောက်ရှိပြီး လုပ်ငန်းရှင်များ၊ ဒေသခံများနှင့် တွေ့ဆုံကာ မွေးမြူရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို အောင်လံမြို့နယ်၌ စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းကျေးရွာအုပ်စုရှိ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဧပြီလ (၁၈) ရက်နေ့ နံနက် ၇ နာရီက မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များက မြို့ပေါ်ရပ်ကွက်များ၊ လမ်းများနှင့် မြို့အဝင်နေရာများအား မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးအဘိုး၊ အဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းနားတက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ကုသိုလ်အဖြစ် သက်ကြီးအဘိုး၊ အဘွားများအားပူဇော်ကန်တော့ပွဲကို ယမန်နေ့ညနေပိုင်းက မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာ၌ ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်ဇနီး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး