မကွေးတိုင်းဒေသကြီး

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ် (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဇွန်လ ၁၃ရက်နေ့ နံနက် (၇) နာရီခွဲအချိန်က တောင်တွင်းကြီးမြို့၊ ကံကြီးကုန်းကျေးရွာအုပ်စု၊ ပရပ်ကြယ်ကျေးရွာတိုက်နယ်ဆေးရုံဝန်းအတွင်း၌ (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ သင်ကြားရေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဒေသခံပြည်သူများ၏ကျန်းမာရေးဆိုင်ရာများ အခမဲ့ကွင်းဆင်းကုသ 

မကွေးတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ သင်ကြားရေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ မြို့သစ်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် ဇွန် ၁၆ ရက်နံနက်ပိုင်းတွင် မြို့သစ်မြို့ ကွက်သစ်ရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဌာန၊ ဆေးရုံကြီး၌ ကွင်းဆင်းဆောင်ရွက်သည်။

တောင်တွင်းကြီးမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးအတွက် ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊  တောင်တွင်းကြီးမြို့နယ်တွင် ယနေ့ နံနက် (၉) အချိန်က မြို့နယ်လမ်းစုံ မီးပွိုင့်၌ မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းလိုက်နာကြစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့၌ Placement Test(အထူးအစီအစဥ်) စာမေးပွဲဖြေဆို

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ (Placement Test(အစီအစဥ်) စာမေးပွဲဖြေဆိုခြင်းအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများမှ အခြေခံပညာမူလတန်းအဆင့် (Grade-1မှGrade-5)နှင့် အလယ်တန်းအဆင့်(Grade-6မှGrade-8) ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်အရသတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် Placement Test(အထူးအစီအစဥ်)စာမေးပွဲဖြေဆိုနိုင်ရေး ယနေ့နံနက်၉ နာရီက နတ်မောက်မြို့ အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိသည်။

နတ်မောက်မြို့၌ မြို့မစျေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးကြီးတွင် ပြုလုပ်ခဲ့ကြသည်။

ရေနံချောင်းမြို့နယ်၌ တစ်ပိုင်တစ်နိုင်မှိုစိုက်ပျိုးထုတ်လုပ်နည်း သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကာ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

စေတုတ္တရာမြို့နယ်တွင် ၂၀၂၆ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာ့အမျိုးသမီးများနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများအတွက်ဥပဒေအကြောင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ခုနှစ် ဇူလိုင်လ၃ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများအတွက်ဥပဒေအကြောင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၈နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အောင်လံမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အောင်လံမြို့၊ အ.ထ.က(၃) ရွှေရတုခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး