ထားဝယ်မြို့၌ တတိယအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ထူးချွန် ဆုများပေးအပ်ပွဲနှင့် (၃၈)ဖြာမင်္ဂလာစာအုပ်များပေးအပ်လှူဒါန်းပွဲကျင်းပ
တတိယအကြိမ်မြောက်၊ ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုယ်ကျင့်သီလ ဗဟုသုတ ပြိုင်ပွဲ (World Peace Ethics Contest, Dawei) ထူးချွန် ဆုများပေးအပ်ပွဲနှင့် (၃၈)ဖြာမင်္ဂလာစာအုပ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ မြို့မယဉ်ငေး သာသနာ့ရိပ်သာ၌ ကျင်းပသည်။