ပလောက်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်သန့်ရှင်းရေးဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၉ နာရီက ပုပ္ပါးရုံကုန်းတော်ရှိ ပြည်တော်အေးစေတီတော်၌ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။