မြိတ်မြို့ (၂၂)ကြိမ်မြောက် ပရိယတ္တိသာသနပါလ စာမေးပွဲ အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင် ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူးကျင်းပသည့် (၂၂) ကြိမ်မြောက် ပရိယတ္တိသာသနပါလစာမေးပွဲအောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ်ချီးမြှင့်သည့်ဆုနှင်းသဘင်ကို ယမန်နေ့ နေ့လယ်ပိုင်းက ဗုဒ္ဓသာသနာ့ဗိမာန်၌ ကျင်းပသည်။