တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်ထွက်ပေါက်ဂိတ် အဆောက်အဦသစ် ဖွင့်ပွဲတက်ရောက်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၂) ရက် နံနက်ပိုင်းက ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက် ထွက်ပေါက်ဂိတ် အဆောက်အဦသစ် ဖွင့်ပွဲ တက်ရောက်ကြသည်