ကော့သောင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာများ စိုက်ထူ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာစိုက်ထူခြင်းများကို ကော့သောင်းမြို့၊ အဝိုင်းပတ်နှင့် ရွှေပြည်စိုးကျေးရွာမီးပွိုင့်တို့တွင် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။