တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား၀န်ထမ်းများ လက်မှုပညာရပ်ဖြင့် အခမ်းအနားများတွင် ကူညီဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ လက်မှုပညာရပ်ဖြစ်သည့် ပန်းအလှထိုးနည်း သင်တန်းကို ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ခဲ့သည်။

ရေဖြူမြို့တွင် မိုးရာသီ၌ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်၍ မြို့အဝင်အထွက်နှင့်မြို့တွင်း သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို ယခု မေလ ၂၀ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ထက်မြက်ရေး ပုံပြောပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည် ထက်မြက်ရေး ပုံပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  ကော့သောင်းမြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် သင်ကြား သင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့် ဘာသာရပ်အလိုက်ဆွေးနွေးပွဲများကို  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မေလ(၁၈)ရက်နေ့မှစတင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ‌အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊မြတ်ရတနာခန်းမတွင် ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဘင်ခရာနည်းပြဆရာကြီးနှင့် အ.ထ.က(၁)ကျောင်းသားဟောင်း ဘင်ခရာလက်ထောက် နည်းပြများ၊ ဘင်ခရာအဖွဲ့ဝင်သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ထားဝယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည် မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့တွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းဆိုင်ရာလမ်းညွှန်စာအုပ်အားအသုံးပြု၍ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်(စ)တွင်ပင်လယ်ကမ်းရိုးတန်းရှိ တိုင်းဒေသကြီး/ပြည်နယ် များတွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူခြင်းဆိုင်ရာလမ်းညွှန်စာအုပ်အားအသုံးပြု၍ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းကို မေလ ၁၈ ရက်နေ့က  ပထမအကြိမ် ထားဝယ်မြစ် ကမ်းနား လမ်းဘေးရှိပြည်သူ့အပန်းဖြေရင်ပြင်နှင့် ထားဝယ်မြစ်ဒီရေကျချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။

ဘုတ်ပြင်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က  မြို့နယ်ပညာရေးမှူးရုံး၊ မြို့မဈေးလမ်းဆုံနှင့် မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံတို့တွင် စိုက်ထူခဲ့သည်။

ကော့‌သောင်းမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ကော့‌သောင်းမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်း၊ မဟော်ဂနီခန်းမဆောင်တွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ ကော့သောင်းမြို့ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မိဘ၊ ဆရာ အသင်း အဖွဲ့များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်‌ရောက်ခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး