တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့နံနက်က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့  မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၂၅) ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၂၅)ကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။

မြိတ်မြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ စွမ်းစွမ်းတမံ ကာကွယ်တားဆီး ကူညီဆောင်ရွက်ပေးလျက်ရှိသည့် မီးသတ်စခန်းများနှင့် တပ်ဖွဲ့ဝင်များအား ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင် မီးသတ်စခန်းခန်းမတွင် ကျင်းပသည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် မီးသတ်ဦးစီးဌာနက (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

မေလ ၅ ရက်တွင် ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာ့နိုင်ငံမီးသတ်ဖွဲ့နေ့ အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မီးသတ်ဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက် (၇)နာရီက ပုလောမြို့ ရှေ့ကျောင်းတိုက်စေတီတော်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်၍ ရေရှားပါးသည့်  ပုလောမြို့ အမှတ်(၁) ရပ်ကွက် သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း(၁/၂ဝ၂၅)ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း(၁/၂ဝ၂၅)ကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ပုလောမြို့နယ် မီးသတ်ဦးစီးဌာနက (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

မေလ ၅ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာ့နိုင်ငံမီးသတ်ဖွဲ့နေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မီးသတ်ဦးစီးဌာနကကြီးမှူး၍ ယမန်နေ့နံနက် (၇)နာရီက ပုလောမြို့ ရှေ့ကျောင်းတိုက်စေတီတော်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်၍ ရေရှားပါးသည့်  ပုလောမြို့ အမှတ်(၁) ရပ်ကွက် သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင်  (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်‌အသီးသီးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ကော့သောင်းမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင် ပြည်သူများအင်တာနက်အသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် သတင်းတု၊ သတင်းမှားတင်ခြင်း၊ မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးတိုက်ခိုက်ပြောဆိုခြင်းအပေါ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  ပြည်သူများ အင်တာနက်အသုံးပြု၍ လူမှုကွန်ရက်ပေါ်တွင် သတင်းအတု/သတင်းအမှားများ တင်ခြင်း၊ မဖွယ်မရာများ တင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူ ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို မေလ(၃)ရက်နေ့ မွန်းတည့်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပရာ သက်ဆိုင်ရာဌာန အသီးသီးမှတာဝန်ရှိသူများနှင့်  တက်ရောက်ခဲ့ကြသည်။

ကျွန်းစုမြို့တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့တက်ရောက်

ယနေ့တွင် ကျရောက်သည့်(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဖိတ်ကြားထားသူများက ငလျင်ကြောင့် ဆုံးပါးသွားသူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး