တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ (တတိယ)နေ့ Grade -5၊ Grade-9 ကျောင်းသူ၊ ကျောင်းသားများ  သင်္ချာဘာသာ ဆက်လက်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းအခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ Grade-5၊ Grade-9 ကျောင်း သူ၊ကျောင်းသားများက တိုင်း/ခရိုင်အဆင့် နှစ်ဆုံးစာမေးပွဲကိုကျင်းပလျက်ရှိရာ ယနေ့ ၉ နာရီအချိန်က သင်္ချာဘာသာကို သက်ဆိုင်ရာ စာစစ်ဌာနများရှိ အခြေခံပညာကျောင်းများ၌  အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အမျိုးသမီးများကဏ္ဍအကြောင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ထားဝယ်ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍“ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အမျိုးသမီးများကဏ္ဍအကြောင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ကော့သောင်းမြို့၌ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ဌာနဆိုင်ရာများ မီးဘေးလုံခြုံရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရဝင်း ဦးဆောင်သည့် (၂+၃)ဦးဖြင့် ခရိုင်ထွေအုပ်၊ မြို့နယ်ထွေအုပ်၊ ဆသရ၊ ပြန်ဆက်၊ မိုးဇလ၊ ကညန၊ ပို့ဆက်၊ ဘေးစီမံရုံးများသို့ သွားရောက်စစ်ဆေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ Grade-5 နှင့် Grade-9 ကျောင်းသူ/ သားများ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ(ဒုတိယ)နေ့ အင်္ဂလိပ်စာဘာသာ စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 ကျောင်းသူ/ သားများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တိုင်း/ ခရိုင်အဆင့် နှစ်ဆုံးစာမေးပွဲကို မတ်လ ၄ ရက်နေ့ ၉ နာရီအချိန်က အင်္ဂလိပ်စာဘာသာကို သက်ဆိုင် ရာ အခြေခံပညာ ကျောင်း စာစစ်ဌာနများ၌ အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။

ကလိန်‌အောင်မြို့၌ မီးသတ်ဦးစီးဌာနက ရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်‌အောင်မြို့အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ အနုပညာအရည်အသွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ် ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများမြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့၌ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ  ဒုတိယ‌နေ့ အင်္ဂလိပ်စာ ဘာသာရပ်အေးချမ်းစွာဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 (ခရိုင်စစ်) နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 (တိုင်းစစ်)နှစ်ဆုံးစာမေးပွဲ ကျင်းပလျက်ရှိရာ ယနေ့တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို အခြေခံပညာကျောင်းများရှိ သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

ကလိန်အောင်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade- 5 နှင့် Grade- 9ကျောင်းသား၊ ကျောင်းသူများနှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် (Grade- 5)နှင့် (Grade- 9)နှစ်ဆုံး စာမေးပွဲ မြန်မာစာဘာသာရပ်ကို  ယမန်နေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်းသိရသည်။

တနင်္သာရီမြို့နယ်၌ Grade-5+Grade-9 ကျောင်းသူ၊ ကျောင်းသားများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ(ပထမ)နေ့ မြန်မာစာဘာသာ စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ Grade-5+Grade-9  ကျောင်းသူ၊ ကျောင်းသားများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တိုင်း/ခရိုင်အဆင့် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ ၉ နာရီအချိန်က သက်ဆိုင်ရာအခြေခံပညာကျောင်းစာစစ်ဌာနများ၌ ပထမနေ့မြန်မာစာဘာသာကို အေးချမ်းစွာလာရောက် ဖြေဆိုခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး