ကော့သောင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဂတိကင်းစင်လုပ်ငန်းခွင်ဖြစ်စေရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောဆွေးနွေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများအား အဂတိကင်းစင်လုပ်ငန်းခွင်ဖြစ်စေရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောဆွေးနွေးခြင်းများကို မတ်လ ၁ ရက်နေ့၊ မွန်းလွဲပိုင်းက ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။