တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၄ ခုနှစ် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်  စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား စာအောင် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ရှေးဦးစွာ ပင့်သံယာတော် ဆရာတော်ကြီးများနှင့် ဓမ္မာစရိယ၊ နိကာယ်၊  ပထမကြီးတန်း၊ ပထမလတ်တန်း၊ စာအောင်ရဟန်း၊ သာမဏေတို့အား သာသနာရေးဆိုင်ရာအခမ်းအနားဖြင့် ပင့်ဆောင်သည်။

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

ယနေ့တွင် ရောက်ရှိသည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်  ၈ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်နှင့် ဘောလုံးပစ်ပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး  ထူးချွန်ထက်မြက်သည့်  လူငယ်လူရွယ်များပေါ် ထွန်းလာစေရန်နှင့် စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့  ညနေပိုင်းက ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်၊  ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။

ကော့သောင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး‌ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁၀)မိုင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေပြည်စိုးကျေးရွာရှိ အ.လ.က(ခွဲ) (၇)မိုင်​ကျောင်း၌ ပြုလုပ်ခဲ့သည်။

ပလောက်မြို့တွင် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင်းရှိ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့၊ မူလွန်ကျောင်းတွင်(Grade-1) ကျောင်းသား/သူများအား အာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ယနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် (Grade-1) ကျောင်းသား၊ ကျောင်းသူများအား အာဟာရများကျွေးမွေးလျက်ရှိရာ ပလောက်မြို့၊ အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ၎င်းကျောင်းရှိ (Grade-1)ကျောင်းသူ/ ကျောင်းသားတို့အား ကျောင်းတွင်း အာဟာရကျွေးမွေးပေးကြသည်။

ပလောက်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေး

ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး