တနင်္သာရီတိုင်းဒေသကြီး

မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်လျက်ရှိသော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းကို ယနေ့ နံနက်ပိုင်းက သင်တန်းဆင်းခဲ့သည်။

တနင်္သာရီမြို့နယ်၌ (၁၈)နှစ်နှင့်အထက် ပြည်သူများအား Pfizer ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာနွေးဟေမာသင်း၏ကြီးကြပ်မှုဖြင့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့)နံနက် ၈ နာရီမှ ၁၂ နာရီအထိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌  ရပ်ကွက်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် မိဘပြည်သူများအား ဂျာမနီနိုင်ငံ ထုတ် Pfizer ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (Booster) ထပ်ဆောင်းထိုးနှံပေးကြသည်။

ပုလောမြို့နယ်၌   ပုလောအသင်း (ပုလောခွဲရုံး) ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌  ပုလောအသင်း(ပုလောမြို့ခွဲရုံး) ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့နေ့လယ် ၁ နာရီက ပုလောမြို့၊ ပုလောအသင်း (ပုလောခွဲရုံး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့စီမံမှုဖြင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်းဦးဆောင်၍ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မြို့မစျေး၊ ဘုရင့်နောင်စျေး၊ လေဟာပြင်စျေးပတ်လည်ရှိ ရေငုတ်များ ရေရရှိရေးအတွက် Good Water ရေပေးဝေရေး ကုမ္ပဏီနှင့်ချိတ်ဆက်ဆောင်ရွက်ပြီး မြို့နယ်အတွင်းရှိစျေးများမီးဘေးအန္တရာယ် ကင်းဝေးစေရေး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို Solar Power Plant စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့တက်ရောက်

ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် Solar Power Plant တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အအေးခန်းစက်ရုံ ဆောက်လုပ်မည့်အစီအစဉ်နှင့် မြိတ်မြို့နယ်တွင် Solar Power Plant စီမံကိန်းဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ Southern Coastline Group Co.,Ltd က ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီကထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟော ပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့၌ (၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင်(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်(၆)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ ရာမညနိကာယသုခကာရီမွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားကာကွယ်ရေး အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ သတင်းတုသတင်းမှားကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ (၃)နာရီက  ပုလောမြို့အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယမန် နေ့ နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ကော့ကရိတ်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်တိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ် အချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မြို့မ‌ဈေးကြီးရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး