ကော့သောင်းမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို နိုဝင်ဘာ (၁၇) ရက်နေ့ နံနက်ပိုင်း၌ ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။