တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘုတ်ပြင်းခရိုင် မြို့တော်ခန်းမဖွင့်ပွဲနှင့် ဆောင်းသီးနှံ စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့များပေးအပ်ပွဲ တက်ရောက်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ (၁၆) ရက် နံနက်ပိုင်းက ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် မြို့တော်ခန်းမအသစ်အား ဖွင့်ပွဲ တက်ရောက်ကြသည်။