ကလိန်အောင်မြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် သုတ၊ ရသစာအုပ်စာစောင်များ ပြသ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်ဓာတ်ပုံနှင့် သုတ/ ရသ စာအုပ်၊ စာစောင်များပြသခြင်းတို့ကို ယနေ့နံနက် (၁ဝ) နာရီအချိန်က အခြေခံပညာမူလတန်း တပ်နယ်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။