ကျွန်းစုမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အရေးပေါ်အသက်ကယ်ဆယ်နိုင်ရေးပညာရပ် တတ်မြောက်စေရန်အတွက် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။