တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား (အငြိမ်းစား)များအား ပင်စင်လစာ‌ငွေများ လစဉ်ပှံမှန်ထုတ်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ပင်စင်လစာငွေများ ယနေ့ နံနက် ၈ နာရီခွဲ အချိန်မှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်မျာငှားရမ်း ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်စေရန်အတွက် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် မီးသတ်ဦးစီးဌာနရုံးသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ၂ဝ၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးသန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားရပ်ကွက်၊ ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  ရပ်ကွက်/ကျေးရာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ည‌နေပိုင်းတွင် ရန်ကြီးအောင် မြို့မအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ပြိုင်ပွဲဝင် အားကစားအသင်းများနှင့်အားကစားဝါသနာ ရှင်များတက်ရောက်အား‌ပေးခဲ့ကြသည်။

ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးမီးသတ်ဦးစီးဌာနမှ ရေယာဉ်ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊  ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်များကြုံတွေ့လာရပါက ရေယာဉ်ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက် ဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ရေယာဉ်ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့ အ.မ.က(၅) ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဖုံး-သွန်-လဲ-စစ်‌ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးဦးနှင့် မိုးနှောင်းကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများ မပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်း​ဇော်ဦး ကြီးကြပ်မှုဖြင့် ဆရာဦးဇော်လွင် ဦးဆောင်၍ ဆရာ/ဆရာမများက ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း၍ ရေကန်၊ ရေပုံး၊ ရေတိုင်ကီများ အတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ-စစ် လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ပလောက်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့ထွေ/အုပ် ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိ

"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် (၁၂)ရက်တာသင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ သရက်ချောင်းမြို့၊ မြို့တော်ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး