တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်းပွဲသို့တက်ရောက်

နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၇)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ ၉ နာရီက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့်ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသား သွေးလှူဘဏ်၌ကျင်းပသည်။

ကလိန်အောင်မြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဘောလုံးကွင်း၌ ယမန်နေ့ ညနေ ၃ နာရီက ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စုပေါင်း၍ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။

မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ၏ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်၌ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ၏ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ(၁)ရက် နံနက်(၉) နာရီက  ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမကျန်ရှိစေရေးကွင်းဆင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမကျန်ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ၁၀ မိုင်ကျေးရွာအုပ်စု၊ ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်‌/ကျေးအုပ်ချုပ်‌ရေးမှူးများနှင့်တွေ့ဆုံပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုသည် ကော့သောင်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့တွင် ကျင်းပသည့် ဘင်ခရာစွမ်းရည်ပြပွဲနှင့် တွေ့ဆုံပွဲသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ဘင်ခရာအဖွဲ့စွမ်းရည်ပြပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(‌၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ ကော့သောင်းမြို့နယ် ဘင်ခရာအဖွဲ့ဝင်များ၊ နည်းပြများတက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံ၌  ကျောက်ကပ်သန့်စင်စက်ထားရှိနိုင်ရေးကွင်းဆင်းကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်ပိုင်းကသွားရောက်၍ ပြည်သူ့ဆေးရုံအတွင်းကျောက်ကပ် သန့်စင်စက်ထားရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုကြသည်။

ပုလောမြို့ အမှတ်(၄)ရပ်ကွက်တွင် မြစိမ်းရောင် (သမဝါယမကဏ္ဍ) နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ် (၄)ရပ်ကွက်  ရွှေဟင်္သာ သမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် လယ်ဧက ၆၈ ဧက တွင် မှော်ဘီ(၃) စပါးစိုက်ခင်းများအား ပုလောမြို့နယ် သမဝါယမ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။

မြိတ်မြို့တွင် (၉၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲတော် စတင်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်းတွင် (၉၅) ကြိမ်မြောက် နှစ်ကျိပ် ရှစ်ဆူဘုရားပူဇော်ပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ အောက်တိုဘာ (၃၀) ရက် ညနေပိုင်းမှစတင်ကာ   အစဉ်အလာမပျက် စတင်ကျင်းပသည်။

ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံ(မတ်ပဲ၊မြေပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း) မျိုးစေ့များအား အကျိုးဆောင်တောင်သူများသို့ ချီးမြှင့်ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ဆောင်းသီးနှံ (မတ်ပဲ၊မြေပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း) မျိုးစေ့များအား အကျိုးဆောင်တောင်သူများသို့ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး