ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကော့သောင်းခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီခန့်က ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။