တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄)သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)ကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ်၌ ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ဆန်ဖိုးငွေ၊ ကြက်ဥများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြို့နယ်၏ အန္တရာယ်ရေ အမှတ်ဖြစ်သည့် (၂၄) ပေထက် ကျော်လွန်၍ မြစ်ရေများ အဆက်မပြတ် တိုးနေသဖြင့် ဇူလိုင်လ ၂၅ ရက်မှစပြီး ယာယီကယ်ဆယ်ရေးစခန်းသုံးခုသို့ ပြောင်းရွှေ့နေထိုင်ကြသည့် အိမ်ထောင်စု (၁၁၀)စုတို့မှ လူဦးရေ(၅၂၇)ဦးတို့အား တစ်ဦးလျှင် တစ်ရက်စာအဖြစ် ဆန်နှစ်ဘူးနှုန်းဖြင့် (၇)ရက်စာ အတွက် စုစုပေါင်း (၃၉,၂၇၀၀၀/-)တန်ဖိုးရှိ ဆန်(၂၂)ပြည်ဆံ့ (၄၁)အိတ်နှင့် (၁၈)ပြည်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက ယာယီကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားပေးကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ဗောဓိကမ်းကျေးရွာ၌ မြစ်ရေကြီးမှုကြောင့် လူနေအိမ်နှစ်လုံး ပြိုကျမှု ဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ဗောဓိကမ်းကျေးရွာ၌ လူနေအိမ်နှစ်လုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကျွန်းစုမြို့တွင် စနစ်တကျ အမှိုက်စွန့်ပစ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်များ စနစ်တကျစွန့်ပစ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်ရုံးနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (အဏ္ဏဝါ) တွင် ကလေးသူငယ်အသိပညာပေး‌ဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ အ-ထ-က(ခွဲ)၊ အ-လ-က(၁) အဏ္ဏဝါကျောင်းတွင် ဇူလိုင်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က ကလေးသူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိရာမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား (၁၃၂) ဦး၊ အမျိုးသမီး (၂၀)ဦး၊ စုစုပေါင်း (၁၅၂) ဦးအား ယမန်နေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှတာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေဖြုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ငါးရက်ခန့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ ရေများပြန်လည်ကျဆင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ငါးရက်ခန့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက္ကသိုလ်ကျောင်းသားလူငယ်များ ဒေသန္တရ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် ကျောင်းသားလူငယ်များ ဒေသန္တရ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ်အတွင်း မြစ်ရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း (၂၀) ယာယီပိတ်ထားရ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၌ ဇူလိုင်လ ပထမပတ်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ တနင်္သာရီမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း (၂၀) ကို ယာယီပိတ်ထားရသည်။

တနင်္သာရီမြို့နယ် ကြက်ခြေနီအသင်းမှ ရေဘေးသင့်အိမ်ထောင်စုများအား တစ်ကိုယ်ရည်သုံး ပစ္စည်းပုံးနှင့် သောက်ရေသန့်ဘူးများ လိုက်လံထောက်ပံ့ပေးခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်အောင် ဦးဆောင်သည့် မြို့နယ်ကြက်ခြေနီတက်ဖွဲ့ဝင် အမျိုးသား(၉)ဦးနှင့် အမျိုးသမီး(၂)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အဖွဲသည် တနင်္သာရီမြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေထိုင်နေကြသည့် အိမ်ထောင်စုများအတွက် ယမန်နေ့က ဝမ်းရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် အထောက်အကူဖြစ်စေရန်အတွက် တစ်ကိုယ်ရည်သုံးပစ္စည်းပုံး တစ်ပုံးစီနှင့် (၂၀)လီတာဝင် သောက်ရေသန့်ဘူး တစ်ဘူးစီတို့ကို လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး