မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက် အားကစားပြိုင်ပွဲကျင်းပ
မြိတ်တက္ကသိုလ်၏အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ကြက်တောင်ရိုက် အားကစားသမားများ မွေးထုတ်ပေးနိုင်ရးအတွက် (၂၀၂၃-၂၀၂၄/၂၀၂၄-၂၀၂၅)ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်အားကစားပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။