ကော့သောင်းမြို့ အ-ထ-က (ခွဲ) အ.လ.က (၂) ရွှေမင်းဝံကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပိတောက်ရွှေဝါရပ်ကွက် အ-ထ-က (ခွဲ) အ.လ.က (၂) ရွှေမင်းဝံကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။