တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့၌ မြို့နယ်အဆင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော မြို့နယ်အဆင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်များပြသပွဲ ပြုလုပ်

၂၀၂၄ခုနှစ်၊ ဇူလိုင်လ၁၉ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမအတွင်း ယနေ့နံနက်၉နာရီအချိန်တွင်  ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများနှင့် Grade-8 နှင့် Grade-9 အတန်းတို့မှ ကျောင်းသူ/သားများ ၂၀၀ ကျော်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကျေးရွာသုံးထင်းစိုက်ခင်းစိုက်ပျိုး ပျိုးထောင်

ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ် အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ယမန်နေ့က ကျောက်မြောင်းရပ်ကွက်၌ ကျေးရွာသုံးထင်း ၂ ဧကအား စိုက်ပျိုး‌ ပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်

‌တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက (မူလွန်) အဏ္ဏဝါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စစ်မှုထမ်း‌ဟောင်းများနှင့် ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယ‌နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အ-ထ-က (သရက်ချောင်း)ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲအခမ်း အနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌  ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကျင်းပခဲ့သည်။

ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ စိမ်းလန်းသောပတ်ဝန်းကျင်ရရှိအောင် သစ်ပင်စိုက်ပျိုးကြစို့ အသိပညာပေး ဟောပြောပွဲကျင်းပ

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိမ်းလန်းသောပတ်ဝန်း ကျင်ရရှိအောင် သစ်ပင်စိုက်ပျိုးကြစို့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကလိန်အောင်မြို့ ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

သစ်တောဦးစီးဌာန၊ တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများစုပေါင်း၍ “မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ‌တော်”ကို ယမန်နေ့နံနက်(၉)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အောင်သီရိဘုရားဝန်းတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။  

ကျွန်းစုမြို့နယ် သမဝါယမအသင်းစု၏ ၂ဝ၂၂-၂ဝ၂၃ ခုနှစ်နှင့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သမဝါယမအသင်းစု၏ (၂၀၂၂-၂၀၂၃) ခုနှစ်နှင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ၇ရက်နေ့က မြို့နယ်သမဝါယမအသင်းစုရုံး ခန်းမတွင် ကျင်းပခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး