ကော့သောင်းမြို့(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း (၉)ခွဲ အချိန်က ပိတောက်ရွှေဝါရပ်ကွက်ရှိ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။