တနင်္သာရီတိုင်းဒေသကြီး

မြိတ်တက္ကသိုလ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် မြိတ်ခရိုင် သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်ဝင်းအတွင်းကျင်းပခဲ့ပြီး မိုးရာသီသစ်ပင်(၆၀၀)ကျော်ကို တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။

ပလောက်မြို့ရှိ ကော်ဖီစိုက်ခြံများတွင် ကော်ဖီပင်များ စိုက်ပျိုးအောင်မြင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ ကော်ဖီစိုက်ခြံများတွင်ကော်ဖီပင်များ စိုက်ပျိုးအောင်မြင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခြင်းကို ယနေ့နံနက်ပိုင်းက ခြံပိုင်ရှင် ဦးသူဝင်းစိန်၊ ဦးစိုးလင်း၊ စောအားကျော် ဦး၊စောအယ်ညော၊ စောသောင်းစိန်ခြံ၌ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့၌ မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့တော်ခန်းမဝင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာ ဝင်းဇော်ဦး ကြီးကြပ်၍ ဆရာ၊ ဆရာမများက ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးခဲ့သည်။

ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁၂)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်အတွင်းဆောင်ရွက်မည့် Hydro နှင့် Solar စီမံကိန်းအတွက် ရှင်းလင်းတင်ပြသည့်အခမ်းအနားသို့ တက်ရောက်

ကျွန်းစုမြို့နယ်အတွင်းဆောင်ရွက်မည့် Hydro နှင့် Solar စီမံကိန်းအတွက် အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် F.S Report အား New Myanmar Renewable Energy Co.,Ltd  က လာရောက်တွေ့ဆုံရှင်းလင်းတင်ပြသည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဖုံး-သွန်-လဲ-စစ်‌ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မိုးဦးကျကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများမပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဦးဇော်လွင် ဦးဆောင်၍ ဆရာ/ဆရာမများက ယနေ့နံနက် ၉နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း၍ ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ -စစ်လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ထားဝယ်မြို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရ၏ စီမံမှုဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား/သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့ အမက-ကမာချောင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ၊ ဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့ ကမာချောင်းကျေးရွာအုပ်စု ကမာချောင်းကျေးရွာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး