တနင်္သာရီမြို့၌ ကျောင်းသူ/သားများအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ချောင်းငယ်ရပ်ကွက်-အမက-တပ်ဦးကျောင်းရှိ ကျောင်းသား/သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းအတွင်းပြုလုပ်ရာ တာဝန်ခံကျောင်းအုပ်နှင့် ဆရာမများ၊ Grade-3 မှ Grade-5 အထိ ကျောင်းသား/သူများ ၆၀ ကျော်တို့ တက်ရောက်ခဲ့ကြသည်။