တနင်္သာရီတိုင်းဒေသကြီး

မြိတ်မြို့ (၂၁)ကြိမ်မြောက် ပရိယတ္တိသာသနပါလစာမေးပွဲအောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့်  ဆုနှင်းသဘင် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကျက်သ‌ရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့‌မှကြီးမှူးကျင်းပသည့် (၂၁)ကြိမ်မြောက်ပရိယတ္တိသာသနပါလစာမေးပွဲ အောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ်ချီးမြှင့်သည့် ဆုနှင်းသဘင်ကို ယမန်နေ့၊ နေ့လယ်ပိုင်းက ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး"ဟောပြောပွဲဆောင်ရွက်

သစ်တော၊ သစ်ပင်နှင့်ဇီဝမျိုးကွဲများကို ချစ်မြတ်နိုးတတ်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုသိရှိနားလည်ပြီး သစ်တောများ၏ အကျိုးကျေးဇူးများသိရှိနားလည်စေရန် သစ်တောသစ်ပင်နှင့်ဇီဝမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ပြည်နယ်နှင့်တိုင်း‌ဒေသကြီးများရှိ ခရိုင်၊ မြို့နယ်အသီးသီးတွင် ဟော‌‌ပြောပွဲများဆောင်ရွက်လျက်ရှိရာ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အ.ထ.က(ခွဲ)အ.လ.က(၂)ရွှေမင်းဝံကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး" ဟောပြောပွဲဆောင်ရွက်ခဲ့သည်။

ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းနှင့်ဝန်ထမ်းသားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၊ ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းနှင့်ဝန်ထမ်းသားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အသိပညာပေး စကားဝိုင်း ကျင်းပ

ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှကြီးမှူး၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရာက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က(ခွဲ)၊ အ.လ.က(၂) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံအင်္ဂလိပ်စာ(Grammar) သင်တန်း ဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်တွင် အင်္ဂလိပ်စာအား အခြေခံမှစတင်၍ နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘုတ်ပြင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်က အခြေခံအင်္ဂလိပ်စာ(Grammar) သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အဆင့် ဘက်စုံပညာရည် ဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းရေးသွင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အဆင့် ဘက်စုံပညာရည်ဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းရေးသွင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ နွေရာသီကိုယ်လုံပညာ (လက်ဝှေ့) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မေလ ၂၀ ရက်မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီကိုယ်လုံပညာ(လက်ဝှေ့)သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမအတွင်း ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး အကျိုးဆောင်တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အကျိုးဆောင်တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျွန်းစုမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းပေးအပ်ပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး