တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၆ ခုနှစ် စာအောင်ဆုနှင်းသဘင်အခမ်း အနားသို့တက်ရောက်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအားစာအောင်ဆုနှင်းသဘင်အခမ်းအနားကိုယနေ့ညနေ၃နာရီက ထားဝယ်မြို့သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ဦးစွာပင့်သံဃာတော်ဆရာတော်ကြီးများနှင့် ဓမ္မာစရိယ၊ ပထမကြီးတန်း၊ပထမလတ်တန်း၊ စာအောင်ရဟန်း၊ သာမဏေတို့အား သာသနာရေးဆိုင်ရာအခမ်းအနားဖြင့် ပင့်ဆောင်သည်။