ကော့သောင်းမြို့တွင် အဋ္ဌမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ထားဝယ်လူမျိုးစုစည်းမှုအသင်းမှကျင်းပသော နတ်တော်လဆန်း (၁)ရက်နေ့တွင် ကျရောက်သည့် အဋ္ဌမကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။