ကော့သောင်းမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကျား/မအခြေပြု အကြမ်းဖက်မှု (GBV) အသိပညာပေး ဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ကျား/မအခြေပြု အကြမ်းဖက်မှု GENDER BASE VIOLENCE (GBV) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အခြေခံပညာအထက် တန်းကျောင်းခွဲ၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း မဟော်ဂနီခန်းမတွင် ကျင်းပသည်။